Posts

Showing posts from August, 2021

Peppermint Oil

Image
ရနံ့ကုထုံးအတွက် အလွန်အသုံး၀င်တဲ့ Essential Oil ပေါ့။ စိတ်အပန်းဖြေလိုတဲ့အခါ၊ စိတ်ဖိစီးမှုတွေ များလွန်းလို့ ခေါင်းကိုက်နေတဲ့အခါမျိုးတွေမှာ အရမ်းအသုံး၀င်ပါသတဲ့လေ။  လိုအပ်သည့်ပစ္စည်းများ ♦ လတ်လတ်ဆတ်ဆတ် ပူဒီနာရွက်များ ♦ သံလွင်ဆီ ပြုလုပ်နည်း ♦ ပူဒီနာရွက်တွေကို အခက်တွေဖယ်ပြီး အရွက်ချည်းသီးသန့်ယူကာ ရေအေးအေးနဲ့ သေချာစင်အောင်ဆေးပါ။ ♦ စဉ်းတီတုံးသန့်သန့်ပေါ်မှာ ခုနက ရေဆေးထားတဲ့ ပူဒီနာရွက်တွေကို ရေခါပြီး ရေခြောက်အောင် ထားလိုက်ပါ။ ♦ ရေလုံး၀မရှိတော့ဘူးဆိုရင် ငရုတ်ဆုံထဲမှာ ပူဒီနာရွက်တွေကိုထည့်ပြီး ဖွဖွ ဖိခြေပါ။ (လုံး၀ညက်အောင် ထောင်းပစ်ရမှာ မဟုတ်ပါဘူး။ အရွက်စိမ်းတွေထဲ အဆီစိမ့်၀င်နိုင်ဖို့အတွက်သာဖြစ်ပါတယ်) ♦ အလုံပိတ်ဖန်ပုလင်းငယ်ထဲကို ခုနက ဖိခြေထားတဲ့ ပူဒီနာရွက်တွေကိုထည့်ပါ။ ♦ ပြီးရင် အရွက်မြုပ်တဲ့အထိ သံလွင်ဆီထည့်ကာ အနည်းငယ်လှုပ်ခါပေးပါ။ ♦ အဲဒီပုလင်းကို မှောင်မည်း နွေးထွေးတဲ့နေရာမှာ ၂၄-၄၈ နာရီအထိ သိမ်းဆည်းပါ။ ♦ ၄၈ နာရီပြည့်ရင် အဲဒီပုလင်းထဲက အဆီတွေကို ပိတ်ပါးစအသုံးပြုကာ တခြားပုလင်းထဲ စစ်ယူပါ။ ♦ အခုဆိုရင် အသင့်အသုံးပြုနိုင်တဲ့ Peppermint Oil ကို ရရှိပါပြီ။  ♦ သေချာ လုံအောင်...

ကြက်ဥအကာ Eye Mask ပြုလုပ်နည်း

Image
မျက်၀န်းတစ်ဝိုက်က အရေးကြောင်းတွေအတွက် မပူပါနဲ့။ အခုဖော်ပြပေးမယ့် ကြက်ဥအကာ eye mask က ကူညီနိုင်ပါလိမ့်မယ်။ သူ့မှာ ဗီတာမင် အေနဲ့ ပရိုတင်းများစွာ ပါ၀င်တာကြောင့်ပါ။ လိုအပ်သည့်ပစ္စည်းများ ♦ ကြက်ဥအကာ ပြုလုပ်နည်း ♦ ကြက်ဥနှစ်လုံးကို ဖောက်ကာ အကာတွေချည်း ထုတ်ယူပါ။ ♦ ရလာတဲ့ ကြက်ဥအကာကို သနပ်ခါး​ကျောက်ပြင်မှာ​သွေးပါ။ ထို့​နောက် မျက်၀န်းတစ်ဝိုက်​လိမ်းကာ ခြောက်အောင် ၁၅ မိနစ်ခန့် ထားပါ။ ♦ ပြီးနောက် ရေးအေးအေးနဲ့ မျက်နှာသစ်လိုက်ပါ။  ☆ဆူးမြာ☆

Face Wash ပြုလုပ်နည်း

Image
ယုံမလားတော့ မသိဘူး။ သကြားရဲ့ အရေပြားအပေါ် အကျိုးသက်ရောက်မှုတွေက အံ့မခန်းပါပဲ။ သူက သဘာ၀အတိုင်း ကြေးချွတ်ပေးနိုင်တဲ့အပြင် အစိုဓာတ်လည်း ထိန်းပေးနိုင်သေးတယ်။ သံလွင်ဆီကတော့ သဘာ၀ကပေးတဲ့ အစိုဓာတ်ထိန်းပစ္စည်းပေါ့။  လိုအပ်သည့်ပစ္စည်းများ ♦ သကြား ထမင်းစားဇွန်း နှစ်ဇွန်းစာ ♦ သံလွင်ဆီ ထမင်းစားဇွန်း တစ်ဇွန်းစာ ပြုလုပ်နည်း ♦ သကြားနဲ့ သံလွင်ဆီတွေကို သေချာရောသမမွှေပါ။ အသုံးပြုနည်း ♦ ပြီးရင် မျက်နှာအနှံ့လိမ်းကာ ညင်သာစွာ ပွတ်တိုက်ပါ။ ♦ အဲဒီနောက် မျက်နှာကို ရေနွေးငွေ့၀တ်ဖတ်နဲ့ ညင်သာစွာ သုတ်ကာ အနှစ်တွေကို ဖယ်ရှားလိုက်ပါ။ ☆ဆူးမြာ☆

ပူရှိမ်းအုန်းဆီ Foot Scrub ပြုလုပ်နည်း

Image
ဆားခါးနဲ့ သကြားအရောအစပ်က ခြောက်သွေ့ကြမ်းတမ်းနေတဲ့ ခြေဖနောင့်နဲ့ ခြေဖဝါးတွေမှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အုန်းဆီကတော့ အစိုဓာတ်ထိန်းပေးနိုင်ပြီး ပူရှိမ်းဆီနဲ့ tea tree oil ကတော့ အရေပြားကို သန့်စင်စေကာ အစိုဓာတ်ထိန်းပေးနိုင်ပါတယ်။  လိုအပ်သည့်ပစ္စည်းများ ♦ သကြား ခွက်တစ်ခွက်ရဲ့ သုံးပုံတစ်ပုံစာ ♦ ဆားခါး ခွက်တစ်ခွက်ရဲ့ သုံးပုံနှစ်ပုံစာ ♦ အုန်းဆီ ထမင်းစားဇွန်း တစ်ဇွန်းနဲ့တစ်၀က်စာ ♦ ပူရှိမ်းဆီ ၅-၆ စက်ခန့် ♦ လက်ဖက်စိမ်းစီ လေးစက်ခန့် ပြုလုပ်နည်း ♦ ပါ၀င်ပစ္စည်းအားလုံးကို သမအောင် ရောစပ်ပါ။ အသုံးပြုနည်း ♦ ရလာတဲ့အရောအစပ်နဲ့ သင့်ခြေဖဝါး၊ ခြေဖနောင့်တွေကို လိမ်းကာ နှိပ်နယ်ပါ။ ♦ ခြောက်သွေ့အောင် ထားပြီးနောက် ရေအေးအေးနဲ့ ဆေးကြောပါ။ ☆ဆူးမြာ☆

Cinnamon Foot Scrub

Image
​နွေရာသီမှာ ခြေဆီထွက်တတ်တဲ့သူတွေအတွက်တော့ တကယ့်ကို ယုံကြည်မှုကင်းမဲ့စေတာပေါ့။ ခြေထောက်ကထွက်လာတဲ့ဆိုးရွားတဲ့အနံ့အသက်ကြီးနဲ့ အလုပ်ရုံးခန်းထဲ ၀င်ရင်တောင် ခြေထောက်အရင်ပြေးဆေးရတဲ့အဖြစ်မျိုးတွေ ကြုံနေကြသူတို့အတွက် ဒီနည်းလမ်းလေးကို ဝေမျှပေးပါရစေ။ လိုအပ်သည့်ပစ္စည်းများ ♦ အုန်းဆီ - ထမင်းစားဇွန်း နှစ်ဇွန်းစာ ♦ သကြား - ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာ ♦ သစ်ကြံပိုးခေါက်မှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံစာ ♦ အစားအစာအရောင်ဆိုးဆေးမှုန့် (မသုံးချင်လည်း ရပါတယ်) - ၃-၄ စက် ပြုလုပ်နည်း ♦ ပန်းကန်လုံးတစ်ခုထဲမှာ သကြား ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာကို ထည့်ပါ။ ♦ အဲဒီထဲကို သစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံစာ ထည့်ပါ။ ♦ အဲဒီနှစ်ခုကို သမအောင် မွှေပါ။ ♦ ပြီးရင် အုန်းဆီ ထမင်းစားဇွန်း နှစ်ဇွန်းစာ ပေါင်းထည့်မွှေပါ။ ♦ အားလုံးသမအောင်သွားအောင် ထပ်မွှေပါ။ ♦ အဲဒီထဲကို အရောင်ဆိုးဆေးအစက်အနည်းငယ်ထည့် (သင်အသုံးပြုလိုရင်)ပါ။ ♦ အားလုံးသမအောင် မွှေပြီးပြီဆိုရင် လေလုံအောင် ပိတ်နိုင်တဲ့ ဖန်ပုလင်းထဲ  ထည့်ကာ သိမ်းဆည်းပါ။ ♦ အခုဆိုရင် အသင့် အသုံးပြုနိုင်တဲ့ foot scrub ကို ရရှိပါပြီ။ ...

Fly Paper ပြုလုပ်နည်း

Image
မိုးရာသီက ခြင်အန္တရာယ်အပြင် ယင်ကောင်တွေကလည်း ကြီးစိုးနေတဲ့ ရာသီပါ။ ယင်နားစာတွေကြောင့် ကျန်းမာရေးပြဿနာတွေအများကြီးဖြစ်နိုင်တယ်ဆိုတာ အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။ ဒီတော့ ဒီယင်ကောင်တွေကို ကိုယ်တိုင်လုပ် စက္ကူလေးတွေနဲ့ ဖမ်းလိုက်ရအောင်လား...။ လိုအပ်သည့်ပစ္စည်းများ ♦ သကြား ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာ ♦ ပျားရည် ဒါမှမဟုတ် ပြောင်းမှုန့် ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာ ♦ ရေ ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာ ♦ အညိုရောင်စက္ကူအထူ ♦ ကတ်ကြေး ♦ လင်ဗန်း ♦ ဒယ်အိုး ♦ ညှပ် ♦ ဇွန်း ♦ သံဆန်ခါ ပြုလုပ်နည်း ♦ အညိုရောင်စက္ကူအထူကို ပုံမှာပြထားတဲ့အတိုင်း အရှည်လိုက်ညှပ်ပါ။ ♦ ဒယ်အိုးထဲကို ရေ ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာ၊ ပျားရည် ဒါမှမဟုတ် ပြောင်းမှုန့် ခွက်တစ်ခွက်ရဲ့ လေးပုံ တစ်ပုံစာနဲ့ သကြား ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာ ထည့်ပြီး အပူပေးပါ။ ♦ အိုးကပ်မသွားအောင် ဇွန်းနဲ့ မွှေနေပါ။ ♦ အားလုံးအရည်ပျော်ပြီး အနည်းငယ်ပျစ်သွားပြီဆိုရင် မီးဖိုပေါ်က ချပါ။ ♦ အဲဒီအရည်ထဲကို ခုနက ညှပ်ထားတဲ့စက္ကူတစ်ခုချင်းစီ ထည့်နှစ်ကာ အရည်စိမ့်၀င်အောင် ထားပါ။ ♦ လင်ဗန်းတစ်ခုပေါ် သံဆန်ခါတင်ထားပါ။  ♦ စက္ကူအနှံ့အရည်တွေစိမ့်သွား...

သဘာ၀မဟော်ဂနီရောင်ဆိုးဆေးပြုလုပ်နည်း

Image
OK!! ယာယီဆံပင်ဟိုက်လိုက်လေး ဖောက်လိုက်ရအောင်လား။ ဟိုက်လိုက်မဟော်ဂနီရောင်လေးနဲ့ လန်းချင်တဲ့ မမတို့အတွက် ဒီမှာ သဘာ၀အတိုင်း ဓာတုပစ္စည်းလုံး၀လုံး၀မပါ၀င်တဲ့ ဆိုးဆေးပြုလုပ်နည်းလေးကို ပြောပြပေးပါရစေ။ ယာယီဆိုပေမယ့်လည်း ပြုလုပ်ရတာ အရမ်းလွယ်ကူတာမို့ အချိန်လေးနည်းနည်းပေးရုံနဲ့ လိုချင်တဲ့အချိန်တိုင်း လန်းနိုင်မှာပါလို့ ... လိုအပ်သည့်ပစ္စည်းများ ♦ Beet Root တစ်လုံး ♦ သံလွင်ဆီ ပြုလုပ်နည်း ♦ Beet Root ကို သံဆန်ခါနဲ့ခြစ်ပြီး အရည်ညှစ်ယူပါ။ ♦ အဲဒီထဲကို သံလွင်ဆီအနည်းငယ်ထည့်ပါ။ ♦ သေချာသမအောင် မွှေပြီးရင် စပရေးဘူးထဲထည့်လိုက်ပါ။ အသုံးပြုနည်း ♦ လက်အိတ်စွပ်ပါ။ ♦ ပုံမှာပြထားတဲ့အတိုင်း မိမိလိုချင်တဲ့နေရာတွေကို မဟော်ဂနီရောင်စပရေးနဲ့ဖျန်းကာ လက်နဲ့ ဆွဲချပါ။ (အလှပြင်ဆိုင်မှာ ပြုလုပ်သလိုမျိုး) ♦ နေရာအနှံ့ဆိုးပြီးပြီဆိုရင် shower cup နဲ့ အုပ်ပြီး တစ်နာရီခန့် ထားပါ။ ♦ ပြီးရင် ရေနဲ့ လျှော်လိုက်ပါ။ ♦ ကဲ အခုဆိုရင် ဒီလို မဟော်ဂနီရောင် ဆံပင်လေးနဲ့ လန်းနိုင်ပြီပေါ့။ ☆ဆူးမြာ☆ Ref : 5-minutecraftsgirly.com

မမကြီးတို့အတွက် Hand Moisturizer ပြုလုပ်နည်း

Image
အသက်ကြီးလာတယ်ဆိုတာကို လက်အရေပြားတွေက သက်သေပြနိုင်ပါတယ်။ မျက်နှာလေးကို ဘယ်လောက်နုပျိုနေအောင် ပြင်ဆင်ထားပါစေ၊ လက်အရေပြားက ရင့်ရော်နေရင်တော့ ငယ်ရွယ်ပုံမပေါက်တော့ပါဘူး။  ဒီတော့ လက်ပေါ်က အရေးကြောင်းတွေ၊ အသားပပ်သလိုမျိုး အဖတ်တွေ ဖြစ်နေတာကို ဖြေရှင်းနိုင်ဖို့ Hand Moisturizer ပြုလုပ်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။  သူ့ပါ၀င်ပစ္စည်းတွေထဲမှာ အယ်လ်ဟိုဟောလည်း အနည်းငယ်ပါ၀င်တာမို့ လက်သည်းပိုး၀င်ရောက်တာတွေ၊ ဗိုင်းရပ်စ်ပိုးတွေကို ကာကွယ်တားဆီးပေးနိုင်ပါသေးတယ်။  လိုအပ်သည့်ပစ္စည်းများ ♦ ရေနံဂျယ်လီ  ♦ ရေနွေး(ပွက်ပွက်ဆူ) ♦ ပျားရည် ♦ သံလွင်ဆီ ♦ ထောပတ်ဆီ ♦ ဂလစ်ဆရင်း ♦ ရှားစောင်းလက်ပပ် ♦ နှင်းဆီပွင့်ဖတ်ရည် ♦ အရက်ပြန်   ပြုလုပ်နည်း ♦ ပန်းကန်လုံးတစ်လုံးထဲမှာ ရေနံဂျယ်လီ ထမင်းစားဇွန်းကြီးတစ်ဇွန်းစာကို ထည့်ပါ။  ♦ ရေနွေးပွက်ပွက်ဆူကို ခွက်ကြီးတစ်လုံးထဲ ထည့်ပြီး ခုနက ပန်းကန်လုံးကို အပေါ်ကနေ တင်ကာ ရေနံဂျယ်လီတွေကို ပျော်အောင် ဖျော်ပါ။ ♦ ရေနံဂျယ်လီတွေ အရည်ပျော်သွားရင် ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲစာ၊ ထောပတ်ဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန...

Yogurt Anti-Aging Coffee Facial Mask

Image
အသက် ၅၀ အရွယ်တွေမို့ အရေးကြောင်းတွေများလာပြီဆိုတော့ အရင်လို မလန်းနိုင်တော့မှာ မပူပါနဲ့လေ။ မမကြီးတို့ရဲ့ အရေးကြောင်းတွေ လျော့ပါးပြီး အသက် ၃၀ အရွယ်လောက် ထင်ရနိုင်စေမယ့် Mask ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါရစေ။ လိုအပ်သည့်ပစ္စည်းများ ♦ ဆန်မှုန့် (ထမင်းစားဇွန်းကြီး သုံးဇွန်းစာကို မှုန့်ညက်နေအောင် ကြိတ်ထားပါ) ♦ ကော်ဖီမှုန့် (ကော်ဖီမှုန့် ထမင်းစားဇွန်းကြီး သုံးဇွန်းစာကို မှုန့်ညက်နေအောင် ကြိတ်ထားပါ) ♦ ဒိန်ချဉ် ထမင်းစားဇွန်း နှစ်ဇွန်း ♦ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ♦ ရေနွေး ထမင်းစားဇွန်း နှစ်ဇွန်း ပြုလုပ်နည်း ♦ ဆန်မှုန့် ထမင်းစားဇွန်း နှစ်ဇွန်းစာကို ပန်းကန်လုံးတစ်လုံးထည့်ပါ။ ♦ အဲဒီထဲကို ကော်ဖီမှုန့် ထမင်းစားဇွန်း တစ်ဇွန်းစာ ထည့်ကာ သမအောင် မွှေပါ။ ♦ ရေကို ပွက်ပွက်ဆူအောင် တည်ထားပြီး အဲဒီရေပူပူ ထမင်းစားဇွန်း နှစ်ဇွန်းစာကို ခုနက ကော်ဖီနဲ့ ဆန်မှုန့်ထဲ ရောထည့်ကာ သမအောင် မွှေပေးပါ။ ♦ သမသွားပြီဆိုရင် အဲဒီထဲကို ဒိန်ချဉ် ထမင်းစားဇွန်း နှစ်ဇွန်းစာ ပေါင်းထည့်ကာ မွှေပါ။ ♦ ပြီးရင် ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ထည့်ကာ အားလုံးသမအောင် ရောစပ်ပါ။ ♦ အဲဒီနောက် ဘူးအလွတ်တစ်ခုထဲကို ထည့်ကာ အသင့်အသုံ...

Flaxseed Hair Gel ပြုလုပ်နည်း

Image
Flaxseed မှာ ဆံသားနဲ့ ဦးရေပြားကို အားဖြည့်တင်း ပေးနိုင်တဲ့ သဘာ၀အာဟာရဓာတ်တွေ ပါ၀င်တာကြောင့် ဆံပင်သန်စေနိုင်စွမ်းရှိပါတယ်။  ပျက်စီးနေတဲ့ ဆံသားတွေကိုလည်း ပြန်လည်ပြုပြင်ပေးနိုင်တာကြောင့် ဒီလိုကောင်းမွန်တဲ့ ပါ၀င်ပစ္စည်းနဲ့ ဆံပင်ကောက်ထားတဲ့ ပျိုမေတို့အတွက် ကောက်သားလေးတွေ ပုံဖော်နိုင်မယ့် Hair Gel ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါရစေ။ လိုအပ်သည့်ပစ္စည်းများ ♦ Flaxseeds ♦ ရှားစောင်းလက်ပပ်ဂျဲလ် ဒါမှမဟုတ် Shea Butter  ♦ Lavender Oil ဒါမှမဟုတ် Tea Tree Oil ♦ သံလွင်ဆီ ပြုလုပ်နည်း ♦ ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာ Flaxseed ကို ပန်းကန်လုံးတစ်လုံးထဲမှာ ရေမြုပ်အောင် ထည့်ပြီး တစ်ညစိမ်ပါ။ ♦ နောက်တစ်နေ့မှာ ဒယ်အိုးတစ်လုံးထဲကို ရေစိမ်ထားတဲ့ Flaxseed တွေကို (စိမ်ထားတဲ့ရေအပါအ၀င်)ထည့်ကာ ဒယ်အိုးရဲ့ လေးပုံတစ်ပုံစာအနေအထားအထိ ထည့်ကျိုပေးပါ။ ♦ ၇-၁၀ မိနစ်ခန့်ကြာချိန်မှာ အိုးကို မွှေပေးပါ။ ပြီးရင် မီးအရှိန်ကို လျှော့ချပြီး အရည်တွေ ခပ်ပျစ်ပျစ်အနေအထားရောက်တဲ့အထိ မီးအေးအေးနဲ့ ဆက်တင်ထားပါ။  ♦ ပြီးရင် မီးဖိုပေါ်က ချပြီး အအေးခံပါ။ ♦ ဆန်ခါကို အသုံးပြုကာ အရည်အနှစ်တွေကို စစ်ယူပါ။  Flaxseed တွေကို ဇွ...

အလှဖျက်နေတဲ့ အသားပိုငယ်တွေကို အိမ်တွင်းနည်းလမ်းနဲ့ ဖယ်ရှားရအောင်

Image
ကျွန်မတို့ရဲ့ ခန္ဓာကိုယ်မှာ သေးငယ်တဲ့ ပျော့အိအိ အသားပိုလေးတွေ အနည်းအကျဉ်းစီတော့ ရှိကြတာပါပဲ။ အသားပိုတွေကို မျက်ခွံ၊ ပေါင်ခြံ၊ ရင်သားအောက်တွေမှာ တွေ့ရများပြီး ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် ကိုယ်၀န်ဆောင်ချိန်မှာ ဟော်မုန်းနဲ့ ကိုယ်အလေးချိန်အတက်အကျတွေကြောင့် အသားပိုငယ်တွေ ဖြစ်ပေါ်နိုင်ပြီး ဆီးချိုရောဂါ ဒါမှမဟုတ် ဟော်မုန်းမညီမျှမှုတွေရဲ့ လက္ခဏာအနေနဲ့လည်း အသားပိုထွက်လာနိုင်ပါတယ်။ အသက်အရွယ်ကြောင့်လည်း သက်ကြီးအစက်အပြောက်တွေနဲ့အတူ အသားပိုငယ်တွေလည်း ထွက်လာနိုင်ပါတယ်တဲ့။ ဒီတော့ အလှဖျက်နေတဲ့ အသားပိုငယ်တွေကို ဖယ်ရှားဖို့၊ ပါးလျစေဖို့ အိမ်တွင်းနည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါရစေ။  ဆရာ၀န်နဲ့ဦးစွာ တိုင်ပင်ပါ ဒီလို အသားပိုဖုတွေ တွေ့ခဲ့ရင် အိမ်တွင်းနည်းလမ်းတွေနဲ့ မဖယ်ရှားခင်မှာ ဆရာ၀န်နဲ့ ဦးစွာ တိုင်ပင် ပြသပါ။ ဆရာ၀န်က ဒီအသားပိုကို အသားစယူစစ်ဆေးပြီး ကင်ဆာလို ရောဂါမဟုတ်ခဲ့ရင် စတင်ဖယ်ရှားနိုင်ပါပြီ။ Tea Tree Oil သူ့မှာ Antifungal နဲ့ Antiviral လိုမျိုး Antimicrobial  ၁၀၀ ရာခိုင်နှုန်း ပါ၀င်ပါတယ်။ သူ့ကို အရေပြားပေါ်မှာ အန္တရာယ်ကင်းကင်း အသုံးပြုနိုင်ပါတယ်။ ပြုလုပ်နည်း - အသ...

Pain Balm ပြုလုပ်နည်း

Image
နာကျင်ကိုက်ခဲတာတွေကို လိမ်းဖို့ ပရုတ်ဆီကို စျေးကွက်ထဲမှာ အလွယ်တကူ ၀ယ်ယူလို့ ရနိုင်ပေမယ့်လည်း ကိုယ်တိုင် အိမ်မှာ ပြုလုပ်ပြီး အသုံးပြုချင်တယ်ဆိုတဲ့ အိမ်ရှင်မတို့အတွက် ဒီနည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါရစေ။ လိုအပ်သည့်ပစ္စည်းများ ♦ အုန်းဆီခဲ - ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံ ♦ ပျားဖယောင်း - ထမင်းစားဇွန်း နှစ်ဇွန်းစာ ♦ ပရုတ်လုံး - ၁၀ -၁၂ လုံး ♦ Peppermint essential oil  - ကိုးစက်ခန့် ♦ Arnica essential oil - ခုနစ်စက်ခန့် ♦ Clove essential oil  - ငါးစက်ခန့် ပြုလုပ်နည်း ♦ ပန်းကန်လုံးတစ်လုံးထဲကို အုန်းဆီခဲ ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာကိုထည့်ပါ။ ♦ ပြီးရင် ခြစ်ထားတဲ့ ပျားဖယောင်း ထမင်းစားဇွန်း နှစ်ဇွန်းစာကို ရောထည့်ပါ။ ♦ အဲဒီနှစ်မျိုးကို အရည်ပျော်အောင် မိုက်ခရိုဝေ့ဖ်ထဲမှာ စက္ကန့် ၃၀ ခန့် အပူပေးပါ။ ♦ အရည်ပျော်သွားပြီဆိုရင် ပရုတ်လုံး ၁၂ လုံးကို အဲဒီထဲ ပေါင်းထဲကာ မိုက်ခရိုဝေ့ဖ်မှာ စက္ကန့် ၂၀ ခန့် အပူပေးပါ။ ♦ အားလုံးအရည်ပျော်သွားပြီဆိုရင် မိုက်ခရိုဝေ့ဖ်ထဲက ထုတ်ပြီး Peppermint essential oil, Arnica essential oil နဲ့ Clove essential oil တွေကို ပါ၀င်အချိုးအဆအတိုင်း ထည့်ပါ။ ♦ အားလုံးသမသွ...

Peppermint Foot Scrub ပြုလုပ်နည်း

Image
ဆောင်းတွင်းမှာ အဖြစ်များတဲ့အလှအပပြဿနာ ကတော့ ခြေဖဝါးတွေ ကျိန်းစပ်တာ၊ ခြေဖနောင့်အ က်ကွဲတာ၊ ခြေဖဝါးအရေပြားလန်တာတွေပဲဖြစ်ပါတယ်။  ဒီလိုပြဿနာမျိုးတွေအတွက် ဒီ Peppermint Foot  Scrub ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါရစေ။  ● Peppermint Essential Oil က ခြေဖနောင့်အက်ကွဲနေတဲ့ ပိုးမ၀င်ရောက်အောင် ကာကွယ်ပေးနိုင်တဲ့ သဘာ၀ Antibacterial ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် သူ့ကို အသုံးပြုတာကြောင့် ခြေဖဝါးကို ပူရှိမ်းရှိမ်းနဲ့ အေးမြ​နေစေပြီး Relax ရရှိစေပါတယ်။  ●ဗာဒံစေ့ဆီမှာတော့ ဗီတာမင် အီး ကြွယ်၀စွာ ပါ၀င်တဲ့အတွက် ခြောက်သွေ့အသားအရေကို အစိုဓာတ်ထိန်းပေးနိုင်ကာ အာဟာရဓာတ်ပြည့်ဝစေပါတယ်တဲ့။ လိုအပ်သည့်ပစ္စည်းများ ♦ သကြား - ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာ ♦ ဗာဒံစေ့ဆီ - ထမင်းစားဇွန်းကြီးတစ်ဇွန်းစာ ♦ Peppermint Essential Oil - လေးငါးစက်ခန့် ♦ Food Coloring - လေးငါးစက်ခန့်  (မိမိနှစ်သ က်ရာအရောင်) ပြုလုပ်နည်း ♦ ပန်းကန်လုံးတစ်လုံးထဲကို သကြား ခွက်တစ်ခွက်ရဲ့လေးပုံတစ်ပုံစာထည့်ပါ။ ♦ ပြီးရင် ဗာဒံစေ့ဆီ ထမင်းစားဇွန် တစ်ဇွန်းစာထည့်မွှေပါ။ ♦ အဲဒီထဲကို Peppermint Essential Oil လေးငါးစက်ခန့်ထည့်ကာ ...

Sensitive Skin အတွက် ရှားစောင်းလက်ပပ်အဆီပြုလုပ်နည်း

Image
လိုအပ်သည့်ပစ္စည်းများ ♦ ရှားစောင်းလက်ပပ်အနှစ် ♦ အုန်းဆီ ♦ လာဗင်ဒါဆီ ပြုလုပ်နည်း ♦ ရှားစောင်းလက်ပပ်အခက်ထဲကနေ ဂျဲလ်တွေ ခြ စ်ယူကာ မွှေပါ။ ♦ ပြီးရင် အဲဒီအနှစ်ကို ပုလင်းထဲ ထည့်ပြီး အုန်းဆီမြုပ် အောင်ထည့်ကာ တစ်လခန့် သိမ်းဆည်းပါ။ ♦ တစ်လကြာပြီးနောက် ပုလင်းထဲကို အဆီတွေ စ စ်ယူထည့်ပါ။ ♦ ပြီးရင် အပေါ်ကနေ လာဗင်ဒါဆီ အနည်းငယ်ထည့်ကာ  အသင့်သုံးစွဲနိုင်ပါပြီ။ ☆ဆူးမြာ☆ Ref : DiscoveringNatural Youtube

Lip Sleeping Mask ပြုလုပ်နည်း

Image
နှုတ်ခမ်းနီဆိုးပါများလွန်းသူတွေ၊ ညဘက်တောင် နှုတ်ခမ်းနီမဖျက်မိဘဲ အိပ်တတ်သူတွေမှာ သဘာ၀နှုတ်ခမ်းပန်းရောင်ကနေ အညို ဒါမှမဟုတ် အမည်းဘက်သန်းလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့အတွက် Lip Sleeping Mask ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါရစေ။ လိုအပ်သည့်ပစ္စည်းများ ♦ ပျားရည်စစ်စစ် စားပွဲဇွန်း တစ်ဇွန်း ♦ နှင်းဆီပွင့်ဖတ်ရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ♦ သံပရိုရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ♦ Lavender Essential Oil အစက်အနည်းငယ် ပြုလုပ်နည်း ♦ ပန်းကန်လုံးတစ်လုံးထဲကို ပျားရည် စားပွဲဇွန်းတစ်ဇွန်းစာ ထည့်ပါ။ ♦ ပြီးရင် နှင်းဆီပွင့်ဖတ်ရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာထည့်ပါ။ ♦ အဲဒီထဲကို သံပရိုရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ထည့်ပါ။ ♦ အဲဒီနောက် လာဗင်ဒါဆီ အစက်အနည်းငယ်ခန့် ထည့်မွှေကာ အဖုံးပါပုလင်းငယ်ထဲ ထည့်လိုက်ပါ။ အသုံးပြုနည်း ♦ အခုပြုလုပ်ထားတဲ့ Lip Balm ကို ညအိပ်ခါနီးတိုင်း လိမ်းအိပ်ပါ။ ♦ နောက်တစ်နေ့ မိုးလင်းချိန်မှာ ဝါဂွမ်းစနဲ့ ဖွဖွသုတ်ဖယ်လိုက်ပါ။ ☆ဆူးမြာ☆ Ref : theindianspot.com

Coconut Milk Body Wash

Image
ဒီဆပ်ပြာလေးကတော့ နွေရာသီအတွက် တကယ့်ကို အားထားစရာပါပဲ။ အုန်းနို့မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဖက်တီးအက်စစ်တွေ ပါဝင်ပြီး နွေကာလတွေမှာ အသားအရေကို အစိုဓာတ်ထိန်းပေးနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ အုန်းနို့ရဲ့ ရနံ့ကို သင် သဘောကျတယ်ဆိုရင် ဒီနည်းလမ်းလေးကို စမ်းကြည့်လိုက်နော်။  လိုအပ်သည့်ပစ္စည်းများ ♦ Liquid Castile Soap - ခွက်တစ်ခွက်ရဲ့ သုံးပုံတစ်ပုံ ♦ Coconut Milk - ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံ ♦ Lavender Essential Oil - ၁၀ စက် ပြုလုပ်နည်း ♦ ခွက်တစ်ခွက်ရဲ့ သုံးပုံတစ်ပုံစာ Castile Soap ကို ဖန်ခွက်ထဲ ထည့်ပါ။ ♦ ပြီးရင် အုန်းနို့ကို ပါဝင်အချိုးအဆအတိုင်းထည့်ပါ။ ♦ အဲဒီအထဲကို Lavender Essential Oil ၁၀ စက်ခန့် ထည့်ပါ။ ♦ ပါဝင်ပစ္စည်းတွေအားလုံးကို မွှေတံနဲ့ သေချာမွှေပါ။ ♦ ပြီးရင် မိမိသိမ်းဆည်းလိုရာ ဘူးထဲထည့်ကာ အသင့်အသုံးပြုနိုင်ပါပြီ။ မှတ်ချက် ။   ။ ဒီဆပ်ပြာကို အေးမြတဲ့နေရာမှာ သိမ်းဆည်းရင် တစ်ပတ်နဲ့အထက် အထားခံပါတယ်။ ☆ဆူးမြာ☆ Ref : Fabhow

Oatmeal, Milk & Honey Mask

Image
Sensitive ဖြစ်တဲ့အသားအရေပိုင်ရှင်တွေအနေနဲ့ မိမိရဲ့အသားအရေအတွက် အလွန်ဂရုစိုက်ဖို့ လိုကြတယ်မလား။ မျက်နှာသစ်ဆပ်ပြာ၊ Mask က စလို့ အလှအပနဲ့ ပတ်သက်သမျှ အမြဲသတိထား၀ယ်ယူသုံးစွဲ​​နေကြရတာပေါ့။ ဒီလို အထိအခိုက်လွယ်တဲ့အသားအရေပိုင်ရှင်တွေအတွက် အိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်တဲ့ Mask ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါရစေ။ လိုအပ်သည့်ပစ္စည်းများ ♦ အုတ်စပါး - စားပွဲဇွန်းကြီး နှစ်ဇွန်း ♦ နွားနို့ - စားပွဲဇွန်းကြီး နှစ်ဇွန်း ♦ ပျားရည် - ပျားရည် စားပွဲဇွန်းကြီး တစ်ဇွန်း  ● အုတ်စပါးက သဘာ၀အစိုဓာတ်ထိန်းပစ္စည်းပါ၀င်တာမို့ အသားအရေကို ရေဓာတ်ညီမျှအောင် ထိန်းပေးနိုင်ပါတယ်။  ● ပျားရည်ကတော့ အသားအရေကို နွေးထွေးမှုပေးနိုင်ပြီး ရွှေရောင်တောက်ပ glow နေစေနိုင်တာပေါ့။ ●နွားနို့ကတော့ အသားအရေ pH ကို ထိန်းပေးနိုင်ပြီး လန်းဆန်းလတ်ဆတ်ကာ နေလောင်တာနဲ့ အသားအရေနီရဲရောင်အမ်းတာတွေကို ပြုပြင်ပေးနိုင်ပါတယ်။ ပြုလုပ်နည်း ♦ ပန်းကန်လုံးထဲကို အုတ်စပါး စားပွဲဇွန်း နှစ်ဇွန်းစာထည့်ပါ။ ♦ အဲဒီထဲကို ပျားရည် တစ်ဇွန်းထည့်ပါ။ ♦ ပြီးရင် နွားနို့ကို ပါ၀င်အချိုးအဆအတိုင်းထည့်ပါ။ ♦ အားလုံးကို ပျစ်နှစ်နေအောင် သေချာရောစပ်မွှေပါ...