Pain Balm ပြုလုပ်နည်း
နာကျင်ကိုက်ခဲတာတွေကို လိမ်းဖို့ ပရုတ်ဆီကို စျေးကွက်ထဲမှာ အလွယ်တကူ ၀ယ်ယူလို့ ရနိုင်ပေမယ့်လည်း ကိုယ်တိုင် အိမ်မှာ ပြုလုပ်ပြီး အသုံးပြုချင်တယ်ဆိုတဲ့ အိမ်ရှင်မတို့အတွက် ဒီနည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါရစေ။
လိုအပ်သည့်ပစ္စည်းများ
♦ အုန်းဆီခဲ - ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံ
♦ ပျားဖယောင်း - ထမင်းစားဇွန်း နှစ်ဇွန်းစာ
♦ ပရုတ်လုံး - ၁၀ -၁၂ လုံး
♦ Peppermint essential oil - ကိုးစက်ခန့်
♦ Arnica essential oil - ခုနစ်စက်ခန့်
♦ Clove essential oil - ငါးစက်ခန့်
ပြုလုပ်နည်း
♦ ပန်းကန်လုံးတစ်လုံးထဲကို အုန်းဆီခဲ ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာကိုထည့်ပါ။
♦ ပြီးရင် ခြစ်ထားတဲ့ ပျားဖယောင်း ထမင်းစားဇွန်း နှစ်ဇွန်းစာကို ရောထည့်ပါ။
♦ အဲဒီနှစ်မျိုးကို အရည်ပျော်အောင် မိုက်ခရိုဝေ့ဖ်ထဲမှာ စက္ကန့် ၃၀ ခန့် အပူပေးပါ။
♦ အရည်ပျော်သွားပြီဆိုရင် ပရုတ်လုံး ၁၂ လုံးကို အဲဒီထဲ ပေါင်းထဲကာ မိုက်ခရိုဝေ့ဖ်မှာ စက္ကန့် ၂၀ ခန့် အပူပေးပါ။
♦ အားလုံးအရည်ပျော်သွားပြီဆိုရင် မိုက်ခရိုဝေ့ဖ်ထဲက ထုတ်ပြီး Peppermint essential oil, Arnica essential oil နဲ့ Clove essential oil တွေကို ပါ၀င်အချိုးအဆအတိုင်း ထည့်ပါ။
♦ အားလုံးသမသွားအောင် တုတ်ချောင်းလေးနဲ့ မွှေပါ။
♦ အဲဒီနောက် ထည့်သိမ်းလိုတဲ့ အဖုံးပါဘူးခွံတစ်ခုထဲ ထည့်ကာ နာရီအနည်းငယ်ကြာအောင် အအေးခံပါ။
♦ ခဲသွားပြီဆိုရင် ကိုယ်တိုင်လုပ် Balm ကို ရရှိပါပြီ။
☆ဆူးမြာ☆
Ref : top10homeremedies
Comments
Post a Comment