Fly Paper ပြုလုပ်နည်း

မိုးရာသီက ခြင်အန္တရာယ်အပြင် ယင်ကောင်တွေကလည်း ကြီးစိုးနေတဲ့ ရာသီပါ။ ယင်နားစာတွေကြောင့် ကျန်းမာရေးပြဿနာတွေအများကြီးဖြစ်နိုင်တယ်ဆိုတာ အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။ ဒီတော့ ဒီယင်ကောင်တွေကို ကိုယ်တိုင်လုပ် စက္ကူလေးတွေနဲ့ ဖမ်းလိုက်ရအောင်လား...။

လိုအပ်သည့်ပစ္စည်းများ
♦ သကြား ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာ
♦ ပျားရည် ဒါမှမဟုတ် ပြောင်းမှုန့် ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာ
♦ ရေ ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာ
♦ အညိုရောင်စက္ကူအထူ
♦ ကတ်ကြေး
♦ လင်ဗန်း
♦ ဒယ်အိုး
♦ ညှပ်
♦ ဇွန်း
♦ သံဆန်ခါ

ပြုလုပ်နည်း
♦ အညိုရောင်စက္ကူအထူကို ပုံမှာပြထားတဲ့အတိုင်း အရှည်လိုက်ညှပ်ပါ။
♦ ဒယ်အိုးထဲကို ရေ ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာ၊ ပျားရည် ဒါမှမဟုတ် ပြောင်းမှုန့် ခွက်တစ်ခွက်ရဲ့ လေးပုံ တစ်ပုံစာနဲ့ သကြား ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာ ထည့်ပြီး အပူပေးပါ။
♦ အိုးကပ်မသွားအောင် ဇွန်းနဲ့ မွှေနေပါ။
♦ အားလုံးအရည်ပျော်ပြီး အနည်းငယ်ပျစ်သွားပြီဆိုရင် မီးဖိုပေါ်က ချပါ။
♦ အဲဒီအရည်ထဲကို ခုနက ညှပ်ထားတဲ့စက္ကူတစ်ခုချင်းစီ ထည့်နှစ်ကာ အရည်စိမ့်၀င်အောင် ထားပါ။
♦ လင်ဗန်းတစ်ခုပေါ် သံဆန်ခါတင်ထားပါ။ 
♦ စက္ကူအနှံ့အရည်တွေစိမ့်သွားပြီဆိုရင် အဲဒီစက္ကူကို ညှပ်နဲ့ယူပြီး သံဆန်ခါပေါ် ပုံပါအတိုင်း တင်ကာ အရည်စစ်ပေးပါ။
♦ စက္ကူတွေ မခြောက်တခြောက်အနေအထားမှာ ယင်ကောင်တွေ ရှိနေတဲ့ နေရာတွေမှာ ချိတ်ထားလိုက်ပါ။
♦ စက္ကူမှာ အရည်တွေ ခြောက်သွားရင် ထပ်ဆွတ်ပေးနိုင်ပါတယ်။ 

မှတ်ချက်
♦ စက္ကူကို အရည်လုံးဝခြောက်သွေ့အောင် မထားပါနဲ့။ ယင်ကောင်မကပ်နိုင်မှာမို့ပါ။
♦ Fly paper ကို လိုအပ်သလောက်သာ ပြုလုပ်ထားပါ။ မလိုအပ်ဘဲ အများကြီးပြုလုပ်ထားရင် အရည်တွေ ခြောက်သွားနိုင်တဲ့အတွက် အသုံးမတည့်ဖြစ်သွားပါလိမ့်မယ်။

☆ဆူးမြာ☆
Ref : www.thespruce.com

Comments

Popular posts from this blog

မမကြီးတို့အတွက် Hand Moisturizer ပြုလုပ်နည်း

Pain Balm ပြုလုပ်နည်း

Cinnamon Foot Scrub