Yogurt Anti-Aging Coffee Facial Mask
အသက် ၅၀ အရွယ်တွေမို့ အရေးကြောင်းတွေများလာပြီဆိုတော့ အရင်လို မလန်းနိုင်တော့မှာ မပူပါနဲ့လေ။ မမကြီးတို့ရဲ့ အရေးကြောင်းတွေ လျော့ပါးပြီး အသက် ၃၀ အရွယ်လောက် ထင်ရနိုင်စေမယ့် Mask ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါရစေ။
လိုအပ်သည့်ပစ္စည်းများ
♦ ဆန်မှုန့် (ထမင်းစားဇွန်းကြီး သုံးဇွန်းစာကို မှုန့်ညက်နေအောင် ကြိတ်ထားပါ)
♦ ကော်ဖီမှုန့် (ကော်ဖီမှုန့် ထမင်းစားဇွန်းကြီး သုံးဇွန်းစာကို မှုန့်ညက်နေအောင် ကြိတ်ထားပါ)
♦ ဒိန်ချဉ် ထမင်းစားဇွန်း နှစ်ဇွန်း
♦ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
♦ ရေနွေး ထမင်းစားဇွန်း နှစ်ဇွန်း
ပြုလုပ်နည်း
♦ ဆန်မှုန့် ထမင်းစားဇွန်း နှစ်ဇွန်းစာကို ပန်းကန်လုံးတစ်လုံးထည့်ပါ။
♦ အဲဒီထဲကို ကော်ဖီမှုန့် ထမင်းစားဇွန်း တစ်ဇွန်းစာ ထည့်ကာ သမအောင် မွှေပါ။
♦ ရေကို ပွက်ပွက်ဆူအောင် တည်ထားပြီး အဲဒီရေပူပူ ထမင်းစားဇွန်း နှစ်ဇွန်းစာကို ခုနက ကော်ဖီနဲ့ ဆန်မှုန့်ထဲ ရောထည့်ကာ သမအောင် မွှေပေးပါ။
♦ သမသွားပြီဆိုရင် အဲဒီထဲကို ဒိန်ချဉ် ထမင်းစားဇွန်း နှစ်ဇွန်းစာ ပေါင်းထည့်ကာ မွှေပါ။
♦ ပြီးရင် ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ထည့်ကာ အားလုံးသမအောင် ရောစပ်ပါ။
♦ အဲဒီနောက် ဘူးအလွတ်တစ်ခုထဲကို ထည့်ကာ အသင့်အသုံးပြုနိုင်ပါပြီ။
☆ဆူးမြာ☆
Ref : Khichibeauty
Comments
Post a Comment