Posts

Showing posts from August 9, 2021

Cinnamon Foot Scrub

Image
​နွေရာသီမှာ ခြေဆီထွက်တတ်တဲ့သူတွေအတွက်တော့ တကယ့်ကို ယုံကြည်မှုကင်းမဲ့စေတာပေါ့။ ခြေထောက်ကထွက်လာတဲ့ဆိုးရွားတဲ့အနံ့အသက်ကြီးနဲ့ အလုပ်ရုံးခန်းထဲ ၀င်ရင်တောင် ခြေထောက်အရင်ပြေးဆေးရတဲ့အဖြစ်မျိုးတွေ ကြုံနေကြသူတို့အတွက် ဒီနည်းလမ်းလေးကို ဝေမျှပေးပါရစေ။ လိုအပ်သည့်ပစ္စည်းများ ♦ အုန်းဆီ - ထမင်းစားဇွန်း နှစ်ဇွန်းစာ ♦ သကြား - ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာ ♦ သစ်ကြံပိုးခေါက်မှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံစာ ♦ အစားအစာအရောင်ဆိုးဆေးမှုန့် (မသုံးချင်လည်း ရပါတယ်) - ၃-၄ စက် ပြုလုပ်နည်း ♦ ပန်းကန်လုံးတစ်ခုထဲမှာ သကြား ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာကို ထည့်ပါ။ ♦ အဲဒီထဲကို သစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံစာ ထည့်ပါ။ ♦ အဲဒီနှစ်ခုကို သမအောင် မွှေပါ။ ♦ ပြီးရင် အုန်းဆီ ထမင်းစားဇွန်း နှစ်ဇွန်းစာ ပေါင်းထည့်မွှေပါ။ ♦ အားလုံးသမအောင်သွားအောင် ထပ်မွှေပါ။ ♦ အဲဒီထဲကို အရောင်ဆိုးဆေးအစက်အနည်းငယ်ထည့် (သင်အသုံးပြုလိုရင်)ပါ။ ♦ အားလုံးသမအောင် မွှေပြီးပြီဆိုရင် လေလုံအောင် ပိတ်နိုင်တဲ့ ဖန်ပုလင်းထဲ  ထည့်ကာ သိမ်းဆည်းပါ။ ♦ အခုဆိုရင် အသင့် အသုံးပြုနိုင်တဲ့ foot scrub ကို ရရှိပါပြီ။ ...