ပူရှိမ်းအုန်းဆီ Foot Scrub ပြုလုပ်နည်း

ဆားခါးနဲ့ သကြားအရောအစပ်က ခြောက်သွေ့ကြမ်းတမ်းနေတဲ့ ခြေဖနောင့်နဲ့ ခြေဖဝါးတွေမှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အုန်းဆီကတော့ အစိုဓာတ်ထိန်းပေးနိုင်ပြီး ပူရှိမ်းဆီနဲ့ tea tree oil ကတော့ အရေပြားကို သန့်စင်စေကာ အစိုဓာတ်ထိန်းပေးနိုင်ပါတယ်။ 

လိုအပ်သည့်ပစ္စည်းများ
♦ သကြား ခွက်တစ်ခွက်ရဲ့ သုံးပုံတစ်ပုံစာ
♦ ဆားခါး ခွက်တစ်ခွက်ရဲ့ သုံးပုံနှစ်ပုံစာ
♦ အုန်းဆီ ထမင်းစားဇွန်း တစ်ဇွန်းနဲ့တစ်၀က်စာ
♦ ပူရှိမ်းဆီ ၅-၆ စက်ခန့်
♦ လက်ဖက်စိမ်းစီ လေးစက်ခန့်

ပြုလုပ်နည်း
♦ ပါ၀င်ပစ္စည်းအားလုံးကို သမအောင် ရောစပ်ပါ။

အသုံးပြုနည်း
♦ ရလာတဲ့အရောအစပ်နဲ့ သင့်ခြေဖဝါး၊ ခြေဖနောင့်တွေကို လိမ်းကာ နှိပ်နယ်ပါ။
♦ ခြောက်သွေ့အောင် ထားပြီးနောက် ရေအေးအေးနဲ့ ဆေးကြောပါ။

☆ဆူးမြာ☆

Comments

Popular posts from this blog

မမကြီးတို့အတွက် Hand Moisturizer ပြုလုပ်နည်း

Pain Balm ပြုလုပ်နည်း

Lip Sleeping Mask ပြုလုပ်နည်း