Posts

Showing posts from August 12, 2021

ပူရှိမ်းအုန်းဆီ Foot Scrub ပြုလုပ်နည်း

Image
ဆားခါးနဲ့ သကြားအရောအစပ်က ခြောက်သွေ့ကြမ်းတမ်းနေတဲ့ ခြေဖနောင့်နဲ့ ခြေဖဝါးတွေမှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အုန်းဆီကတော့ အစိုဓာတ်ထိန်းပေးနိုင်ပြီး ပူရှိမ်းဆီနဲ့ tea tree oil ကတော့ အရေပြားကို သန့်စင်စေကာ အစိုဓာတ်ထိန်းပေးနိုင်ပါတယ်။  လိုအပ်သည့်ပစ္စည်းများ ♦ သကြား ခွက်တစ်ခွက်ရဲ့ သုံးပုံတစ်ပုံစာ ♦ ဆားခါး ခွက်တစ်ခွက်ရဲ့ သုံးပုံနှစ်ပုံစာ ♦ အုန်းဆီ ထမင်းစားဇွန်း တစ်ဇွန်းနဲ့တစ်၀က်စာ ♦ ပူရှိမ်းဆီ ၅-၆ စက်ခန့် ♦ လက်ဖက်စိမ်းစီ လေးစက်ခန့် ပြုလုပ်နည်း ♦ ပါ၀င်ပစ္စည်းအားလုံးကို သမအောင် ရောစပ်ပါ။ အသုံးပြုနည်း ♦ ရလာတဲ့အရောအစပ်နဲ့ သင့်ခြေဖဝါး၊ ခြေဖနောင့်တွေကို လိမ်းကာ နှိပ်နယ်ပါ။ ♦ ခြောက်သွေ့အောင် ထားပြီးနောက် ရေအေးအေးနဲ့ ဆေးကြောပါ။ ☆ဆူးမြာ☆