သဘာ၀မဟော်ဂနီရောင်ဆိုးဆေးပြုလုပ်နည်း
OK!! ယာယီဆံပင်ဟိုက်လိုက်လေး ဖောက်လိုက်ရအောင်လား။ ဟိုက်လိုက်မဟော်ဂနီရောင်လေးနဲ့ လန်းချင်တဲ့ မမတို့အတွက် ဒီမှာ သဘာ၀အတိုင်း ဓာတုပစ္စည်းလုံး၀လုံး၀မပါ၀င်တဲ့ ဆိုးဆေးပြုလုပ်နည်းလေးကို ပြောပြပေးပါရစေ။ ယာယီဆိုပေမယ့်လည်း ပြုလုပ်ရတာ အရမ်းလွယ်ကူတာမို့ အချိန်လေးနည်းနည်းပေးရုံနဲ့ လိုချင်တဲ့အချိန်တိုင်း လန်းနိုင်မှာပါလို့ ...
လိုအပ်သည့်ပစ္စည်းများ
♦ Beet Root တစ်လုံး
♦ သံလွင်ဆီ
ပြုလုပ်နည်း
♦ Beet Root ကို သံဆန်ခါနဲ့ခြစ်ပြီး အရည်ညှစ်ယူပါ။
♦ အဲဒီထဲကို သံလွင်ဆီအနည်းငယ်ထည့်ပါ။
♦ သေချာသမအောင် မွှေပြီးရင် စပရေးဘူးထဲထည့်လိုက်ပါ။
အသုံးပြုနည်း
♦ လက်အိတ်စွပ်ပါ။
♦ ပုံမှာပြထားတဲ့အတိုင်း မိမိလိုချင်တဲ့နေရာတွေကို မဟော်ဂနီရောင်စပရေးနဲ့ဖျန်းကာ လက်နဲ့ ဆွဲချပါ။ (အလှပြင်ဆိုင်မှာ ပြုလုပ်သလိုမျိုး)
♦ နေရာအနှံ့ဆိုးပြီးပြီဆိုရင် shower cup နဲ့ အုပ်ပြီး တစ်နာရီခန့် ထားပါ။
♦ ပြီးရင် ရေနဲ့ လျှော်လိုက်ပါ။
♦ ကဲ အခုဆိုရင် ဒီလို မဟော်ဂနီရောင် ဆံပင်လေးနဲ့ လန်းနိုင်ပြီပေါ့။
☆ဆူးမြာ☆
Ref : 5-minutecraftsgirly.com
Comments
Post a Comment