Lip Sleeping Mask ပြုလုပ်နည်း

နှုတ်ခမ်းနီဆိုးပါများလွန်းသူတွေ၊ ညဘက်တောင် နှုတ်ခမ်းနီမဖျက်မိဘဲ အိပ်တတ်သူတွေမှာ သဘာ၀နှုတ်ခမ်းပန်းရောင်ကနေ အညို ဒါမှမဟုတ် အမည်းဘက်သန်းလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့အတွက် Lip Sleeping Mask ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါရစေ။

လိုအပ်သည့်ပစ္စည်းများ
♦ ပျားရည်စစ်စစ် စားပွဲဇွန်း တစ်ဇွန်း
♦ နှင်းဆီပွင့်ဖတ်ရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း
♦ သံပရိုရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း
♦ Lavender Essential Oil အစက်အနည်းငယ်

ပြုလုပ်နည်း
♦ ပန်းကန်လုံးတစ်လုံးထဲကို ပျားရည် စားပွဲဇွန်းတစ်ဇွန်းစာ ထည့်ပါ။
♦ ပြီးရင် နှင်းဆီပွင့်ဖတ်ရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာထည့်ပါ။
♦ အဲဒီထဲကို သံပရိုရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ထည့်ပါ။
♦ အဲဒီနောက် လာဗင်ဒါဆီ အစက်အနည်းငယ်ခန့် ထည့်မွှေကာ အဖုံးပါပုလင်းငယ်ထဲ ထည့်လိုက်ပါ။

အသုံးပြုနည်း
♦ အခုပြုလုပ်ထားတဲ့ Lip Balm ကို ညအိပ်ခါနီးတိုင်း လိမ်းအိပ်ပါ။
♦ နောက်တစ်နေ့ မိုးလင်းချိန်မှာ ဝါဂွမ်းစနဲ့ ဖွဖွသုတ်ဖယ်လိုက်ပါ။

☆ဆူးမြာ☆
Ref : theindianspot.com

Comments

Popular posts from this blog

မမကြီးတို့အတွက် Hand Moisturizer ပြုလုပ်နည်း

Pain Balm ပြုလုပ်နည်း