Flaxseed Hair Gel ပြုလုပ်နည်း

Flaxseed မှာ ဆံသားနဲ့ ဦးရေပြားကို အားဖြည့်တင်း
ပေးနိုင်တဲ့ သဘာ၀အာဟာရဓာတ်တွေ ပါ၀င်တာကြောင့် ဆံပင်သန်စေနိုင်စွမ်းရှိပါတယ်။ 
ပျက်စီးနေတဲ့ ဆံသားတွေကိုလည်း ပြန်လည်ပြုပြင်ပေးနိုင်တာကြောင့် ဒီလိုကောင်းမွန်တဲ့ ပါ၀င်ပစ္စည်းနဲ့ ဆံပင်ကောက်ထားတဲ့ ပျိုမေတို့အတွက် ကောက်သားလေးတွေ ပုံဖော်နိုင်မယ့် Hair Gel ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါရစေ။

လိုအပ်သည့်ပစ္စည်းများ
♦ Flaxseeds
♦ ရှားစောင်းလက်ပပ်ဂျဲလ် ဒါမှမဟုတ် Shea Butter 
♦ Lavender Oil ဒါမှမဟုတ် Tea Tree Oil
♦ သံလွင်ဆီ

ပြုလုပ်နည်း
♦ ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာ Flaxseed ကို ပန်းကန်လုံးတစ်လုံးထဲမှာ ရေမြုပ်အောင် ထည့်ပြီး တစ်ညစိမ်ပါ။
♦ နောက်တစ်နေ့မှာ ဒယ်အိုးတစ်လုံးထဲကို ရေစိမ်ထားတဲ့ Flaxseed တွေကို (စိမ်ထားတဲ့ရေအပါအ၀င်)ထည့်ကာ ဒယ်အိုးရဲ့ လေးပုံတစ်ပုံစာအနေအထားအထိ ထည့်ကျိုပေးပါ။
♦ ၇-၁၀ မိနစ်ခန့်ကြာချိန်မှာ အိုးကို မွှေပေးပါ။ ပြီးရင် မီးအရှိန်ကို လျှော့ချပြီး အရည်တွေ ခပ်ပျစ်ပျစ်အနေအထားရောက်တဲ့အထိ မီးအေးအေးနဲ့ ဆက်တင်ထားပါ။ 
♦ ပြီးရင် မီးဖိုပေါ်က ချပြီး အအေးခံပါ။
♦ ဆန်ခါကို အသုံးပြုကာ အရည်အနှစ်တွေကို စစ်ယူပါ။ 
Flaxseed တွေကို ဇွန်းပြားနဲ့ဖိခြေပြီးတော့လည်း အ
ရည်ညှစ်ယူပါ။
♦ ရလာတဲ့အနှစ်ထဲကို သံလွင်ဆီ ထမင်းစားဇွန်းတစ်ဇွန်း၊ Shea Butter ဒါမှမဟုတ် ရှားစောင်းလက်ပပ်ဂျဲလ် ထမင်းစားဇွန်းတစ်ဇွန်းစာ ထည့်ကာ ခရင်မ်ဖြစ်လာတဲ့အထိ မွှေပေးပါ။ အဲဒီထဲကို Lavender Oil အစက် ၃၀ ခန့် ​​​​ရောထည့်ကာ မွှေပါ။
♦ အားလုံးသမသွားပြီဆိုရင် လေလုံပိတ်ဖန်ပုလင်းထဲ ထည့်သိမ်းဆည်းကာ အလိုရှိချိန်မှာ အသင့်သုံးစွဲနိုင်ပါပြီ။
♦ အဲဒီအနှစ်ကို ညှစ်တောင့်ဘူးထဲထည့်ပြီးတော့လည်း အသုံးပြုနိုင်ပါတယ်။ 

☆ဆူးမြာ☆
Ref : wikihow.com


Comments

Popular posts from this blog

မမကြီးတို့အတွက် Hand Moisturizer ပြုလုပ်နည်း

Pain Balm ပြုလုပ်နည်း

Cinnamon Foot Scrub