Peppermint Oil
ရနံ့ကုထုံးအတွက် အလွန်အသုံး၀င်တဲ့ Essential Oil ပေါ့။ စိတ်အပန်းဖြေလိုတဲ့အခါ၊ စိတ်ဖိစီးမှုတွေ များလွန်းလို့ ခေါင်းကိုက်နေတဲ့အခါမျိုးတွေမှာ အရမ်းအသုံး၀င်ပါသတဲ့လေ။
လိုအပ်သည့်ပစ္စည်းများ
♦ လတ်လတ်ဆတ်ဆတ် ပူဒီနာရွက်များ
♦ သံလွင်ဆီ
ပြုလုပ်နည်း
♦ ပူဒီနာရွက်တွေကို အခက်တွေဖယ်ပြီး အရွက်ချည်းသီးသန့်ယူကာ ရေအေးအေးနဲ့ သေချာစင်အောင်ဆေးပါ။
♦ စဉ်းတီတုံးသန့်သန့်ပေါ်မှာ ခုနက ရေဆေးထားတဲ့ ပူဒီနာရွက်တွေကို ရေခါပြီး ရေခြောက်အောင် ထားလိုက်ပါ။
♦ ရေလုံး၀မရှိတော့ဘူးဆိုရင် ငရုတ်ဆုံထဲမှာ ပူဒီနာရွက်တွေကိုထည့်ပြီး ဖွဖွ ဖိခြေပါ။ (လုံး၀ညက်အောင် ထောင်းပစ်ရမှာ မဟုတ်ပါဘူး။ အရွက်စိမ်းတွေထဲ အဆီစိမ့်၀င်နိုင်ဖို့အတွက်သာဖြစ်ပါတယ်)
♦ အလုံပိတ်ဖန်ပုလင်းငယ်ထဲကို ခုနက ဖိခြေထားတဲ့ ပူဒီနာရွက်တွေကိုထည့်ပါ။
♦ ပြီးရင် အရွက်မြုပ်တဲ့အထိ သံလွင်ဆီထည့်ကာ အနည်းငယ်လှုပ်ခါပေးပါ။
♦ အဲဒီပုလင်းကို မှောင်မည်း နွေးထွေးတဲ့နေရာမှာ ၂၄-၄၈ နာရီအထိ သိမ်းဆည်းပါ။
♦ ၄၈ နာရီပြည့်ရင် အဲဒီပုလင်းထဲက အဆီတွေကို ပိတ်ပါးစအသုံးပြုကာ တခြားပုလင်းထဲ စစ်ယူပါ။
♦ အခုဆိုရင် အသင့်အသုံးပြုနိုင်တဲ့ Peppermint Oil ကို ရရှိပါပြီ။
♦ သေချာ လုံအောင်ပိတ်ပြီး သိမ်းဆည်းမယ်ဆိုရင် ၃-၆ လအထိ အသုံးပြုနိုင်ပါတယ်။
☆ဆူးမြာ☆
Ref : wikihow
Comments
Post a Comment