ကြက်ဥအကာ Eye Mask ပြုလုပ်နည်း
မျက်၀န်းတစ်ဝိုက်က အရေးကြောင်းတွေအတွက် မပူပါနဲ့။ အခုဖော်ပြပေးမယ့် ကြက်ဥအကာ eye mask က ကူညီနိုင်ပါလိမ့်မယ်။ သူ့မှာ ဗီတာမင် အေနဲ့ ပရိုတင်းများစွာ ပါ၀င်တာကြောင့်ပါ။
လိုအပ်သည့်ပစ္စည်းများ
♦ ကြက်ဥအကာ
ပြုလုပ်နည်း
♦ ကြက်ဥနှစ်လုံးကို ဖောက်ကာ အကာတွေချည်း ထုတ်ယူပါ။
♦ ရလာတဲ့ ကြက်ဥအကာကို သနပ်ခါးကျောက်ပြင်မှာသွေးပါ။ ထို့နောက် မျက်၀န်းတစ်ဝိုက်လိမ်းကာ ခြောက်အောင် ၁၅ မိနစ်ခန့် ထားပါ။
♦ ပြီးနောက် ရေးအေးအေးနဲ့ မျက်နှာသစ်လိုက်ပါ။
☆ဆူးမြာ☆
Comments
Post a Comment