Coconut Milk Body Wash

ဒီဆပ်ပြာလေးကတော့ နွေရာသီအတွက် တကယ့်ကို အားထားစရာပါပဲ။ အုန်းနို့မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဖက်တီးအက်စစ်တွေ ပါဝင်ပြီး နွေကာလတွေမှာ အသားအရေကို အစိုဓာတ်ထိန်းပေးနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ အုန်းနို့ရဲ့ ရနံ့ကို သင် သဘောကျတယ်ဆိုရင် ဒီနည်းလမ်းလေးကို စမ်းကြည့်လိုက်နော်။ 

လိုအပ်သည့်ပစ္စည်းများ
♦ Liquid Castile Soap - ခွက်တစ်ခွက်ရဲ့ သုံးပုံတစ်ပုံ
♦ Coconut Milk - ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံ
♦ Lavender Essential Oil - ၁၀ စက်

ပြုလုပ်နည်း
♦ ခွက်တစ်ခွက်ရဲ့ သုံးပုံတစ်ပုံစာ Castile Soap ကို ဖန်ခွက်ထဲ ထည့်ပါ။
♦ ပြီးရင် အုန်းနို့ကို ပါဝင်အချိုးအဆအတိုင်းထည့်ပါ။
♦ အဲဒီအထဲကို Lavender Essential Oil ၁၀ စက်ခန့် ထည့်ပါ။
♦ ပါဝင်ပစ္စည်းတွေအားလုံးကို မွှေတံနဲ့ သေချာမွှေပါ။
♦ ပြီးရင် မိမိသိမ်းဆည်းလိုရာ ဘူးထဲထည့်ကာ အသင့်အသုံးပြုနိုင်ပါပြီ။

မှတ်ချက် ။   ။ ဒီဆပ်ပြာကို အေးမြတဲ့နေရာမှာ သိမ်းဆည်းရင် တစ်ပတ်နဲ့အထက် အထားခံပါတယ်။

☆ဆူးမြာ☆
Ref : Fabhow

Comments

Popular posts from this blog

မမကြီးတို့အတွက် Hand Moisturizer ပြုလုပ်နည်း

Pain Balm ပြုလုပ်နည်း

Cinnamon Foot Scrub