Posts

Showing posts from August 6, 2021

Fly Paper ပြုလုပ်နည်း

Image
မိုးရာသီက ခြင်အန္တရာယ်အပြင် ယင်ကောင်တွေကလည်း ကြီးစိုးနေတဲ့ ရာသီပါ။ ယင်နားစာတွေကြောင့် ကျန်းမာရေးပြဿနာတွေအများကြီးဖြစ်နိုင်တယ်ဆိုတာ အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။ ဒီတော့ ဒီယင်ကောင်တွေကို ကိုယ်တိုင်လုပ် စက္ကူလေးတွေနဲ့ ဖမ်းလိုက်ရအောင်လား...။ လိုအပ်သည့်ပစ္စည်းများ ♦ သကြား ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာ ♦ ပျားရည် ဒါမှမဟုတ် ပြောင်းမှုန့် ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာ ♦ ရေ ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာ ♦ အညိုရောင်စက္ကူအထူ ♦ ကတ်ကြေး ♦ လင်ဗန်း ♦ ဒယ်အိုး ♦ ညှပ် ♦ ဇွန်း ♦ သံဆန်ခါ ပြုလုပ်နည်း ♦ အညိုရောင်စက္ကူအထူကို ပုံမှာပြထားတဲ့အတိုင်း အရှည်လိုက်ညှပ်ပါ။ ♦ ဒယ်အိုးထဲကို ရေ ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာ၊ ပျားရည် ဒါမှမဟုတ် ပြောင်းမှုန့် ခွက်တစ်ခွက်ရဲ့ လေးပုံ တစ်ပုံစာနဲ့ သကြား ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာ ထည့်ပြီး အပူပေးပါ။ ♦ အိုးကပ်မသွားအောင် ဇွန်းနဲ့ မွှေနေပါ။ ♦ အားလုံးအရည်ပျော်ပြီး အနည်းငယ်ပျစ်သွားပြီဆိုရင် မီးဖိုပေါ်က ချပါ။ ♦ အဲဒီအရည်ထဲကို ခုနက ညှပ်ထားတဲ့စက္ကူတစ်ခုချင်းစီ ထည့်နှစ်ကာ အရည်စိမ့်၀င်အောင် ထားပါ။ ♦ လင်ဗန်းတစ်ခုပေါ် သံဆန်ခါတင်ထားပါ။  ♦ စက္ကူအနှံ့အရည်တွေစိမ့်သွား...