Oatmeal, Milk & Honey Mask
Sensitive ဖြစ်တဲ့အသားအရေပိုင်ရှင်တွေအနေနဲ့ မိမိရဲ့အသားအရေအတွက် အလွန်ဂရုစိုက်ဖို့ လိုကြတယ်မလား။ မျက်နှာသစ်ဆပ်ပြာ၊ Mask က စလို့ အလှအပနဲ့ ပတ်သက်သမျှ အမြဲသတိထား၀ယ်ယူသုံးစွဲနေကြရတာပေါ့။ ဒီလို အထိအခိုက်လွယ်တဲ့အသားအရေပိုင်ရှင်တွေအတွက် အိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်တဲ့ Mask ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါရစေ။
လိုအပ်သည့်ပစ္စည်းများ
♦ အုတ်စပါး - စားပွဲဇွန်းကြီး နှစ်ဇွန်း
♦ နွားနို့ - စားပွဲဇွန်းကြီး နှစ်ဇွန်း
♦ ပျားရည် - ပျားရည် စားပွဲဇွန်းကြီး တစ်ဇွန်း
● အုတ်စပါးက သဘာ၀အစိုဓာတ်ထိန်းပစ္စည်းပါ၀င်တာမို့ အသားအရေကို ရေဓာတ်ညီမျှအောင် ထိန်းပေးနိုင်ပါတယ်။
● ပျားရည်ကတော့ အသားအရေကို နွေးထွေးမှုပေးနိုင်ပြီး ရွှေရောင်တောက်ပ glow နေစေနိုင်တာပေါ့။
●နွားနို့ကတော့ အသားအရေ pH ကို ထိန်းပေးနိုင်ပြီး လန်းဆန်းလတ်ဆတ်ကာ နေလောင်တာနဲ့ အသားအရေနီရဲရောင်အမ်းတာတွေကို ပြုပြင်ပေးနိုင်ပါတယ်။
ပြုလုပ်နည်း
♦ ပန်းကန်လုံးထဲကို အုတ်စပါး စားပွဲဇွန်း နှစ်ဇွန်းစာထည့်ပါ။
♦ အဲဒီထဲကို ပျားရည် တစ်ဇွန်းထည့်ပါ။
♦ ပြီးရင် နွားနို့ကို ပါ၀င်အချိုးအဆအတိုင်းထည့်ပါ။
♦ အားလုံးကို ပျစ်နှစ်နေအောင် သေချာရောစပ်မွှေပါ။
အသုံးပြုနည်း
♦ သင့်မျက်နှာကို ရေနွေးနွေးနဲ့ ဦးစွာ သန့်စင်ပါ။
♦ ပြီးရင် မျက်နှာကို ဝါဂွမ်းစနဲ့ တို့သုတ်ပါ။
♦ အဲဒီနောက် ခုနက ပြုလုပ်ထားတဲ့ အရောအစပ်ကို ဘရပ်ရ်ှအသုံးပြုပြီး မျက်နှာအနှံ့ လိမ်းပါ။
♦ အဲဒီနောက် ၁၀-၁၅ မိနစ်ခန့်ထားပြီး ရေနွေးနဲ့ မျက်နှာသစ်လိုက်ပါ
♦ ပြီးရင် ရေအေးအေးနဲ့ မျက်နှာကို ဖွဖွလောင်းချလိုက်ပါ။
♦ တစ်ပတ် တစ်ကြိမ်ပြုလုပ်ပါ။
☆ဆူးမြာ☆
Ref: fabhow.com
Comments
Post a Comment