Cinnamon Foot Scrub
နွေရာသီမှာ ခြေဆီထွက်တတ်တဲ့သူတွေအတွက်တော့ တကယ့်ကို ယုံကြည်မှုကင်းမဲ့စေတာပေါ့။ ခြေထောက်ကထွက်လာတဲ့ဆိုးရွားတဲ့အနံ့အသက်ကြီးနဲ့ အလုပ်ရုံးခန်းထဲ ၀င်ရင်တောင် ခြေထောက်အရင်ပြေးဆေးရတဲ့အဖြစ်မျိုးတွေ ကြုံနေကြသူတို့အတွက် ဒီနည်းလမ်းလေးကို ဝေမျှပေးပါရစေ။
လိုအပ်သည့်ပစ္စည်းများ
♦ အုန်းဆီ - ထမင်းစားဇွန်း နှစ်ဇွန်းစာ
♦ သကြား - ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာ
♦ သစ်ကြံပိုးခေါက်မှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံစာ
♦ အစားအစာအရောင်ဆိုးဆေးမှုန့် (မသုံးချင်လည်း ရပါတယ်) - ၃-၄ စက်
ပြုလုပ်နည်း
♦ ပန်းကန်လုံးတစ်ခုထဲမှာ သကြား ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာကို ထည့်ပါ။
♦ အဲဒီထဲကို သစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံစာ ထည့်ပါ။
♦ အဲဒီနှစ်ခုကို သမအောင် မွှေပါ။
♦ ပြီးရင် အုန်းဆီ ထမင်းစားဇွန်း နှစ်ဇွန်းစာ ပေါင်းထည့်မွှေပါ။
♦ အားလုံးသမအောင်သွားအောင် ထပ်မွှေပါ။
♦ အဲဒီထဲကို အရောင်ဆိုးဆေးအစက်အနည်းငယ်ထည့် (သင်အသုံးပြုလိုရင်)ပါ။
♦ အားလုံးသမအောင် မွှေပြီးပြီဆိုရင် လေလုံအောင် ပိတ်နိုင်တဲ့ ဖန်ပုလင်းထဲ
ထည့်ကာ သိမ်းဆည်းပါ။
♦ အခုဆိုရင် အသင့် အသုံးပြုနိုင်တဲ့ foot scrub ကို ရရှိပါပြီ။
☆ဆူးမြာ☆
Ref : fabhow.com
Comments
Post a Comment