Posts

Showing posts from August 3, 2021

မမကြီးတို့အတွက် Hand Moisturizer ပြုလုပ်နည်း

Image
အသက်ကြီးလာတယ်ဆိုတာကို လက်အရေပြားတွေက သက်သေပြနိုင်ပါတယ်။ မျက်နှာလေးကို ဘယ်လောက်နုပျိုနေအောင် ပြင်ဆင်ထားပါစေ၊ လက်အရေပြားက ရင့်ရော်နေရင်တော့ ငယ်ရွယ်ပုံမပေါက်တော့ပါဘူး။  ဒီတော့ လက်ပေါ်က အရေးကြောင်းတွေ၊ အသားပပ်သလိုမျိုး အဖတ်တွေ ဖြစ်နေတာကို ဖြေရှင်းနိုင်ဖို့ Hand Moisturizer ပြုလုပ်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။  သူ့ပါ၀င်ပစ္စည်းတွေထဲမှာ အယ်လ်ဟိုဟောလည်း အနည်းငယ်ပါ၀င်တာမို့ လက်သည်းပိုး၀င်ရောက်တာတွေ၊ ဗိုင်းရပ်စ်ပိုးတွေကို ကာကွယ်တားဆီးပေးနိုင်ပါသေးတယ်။  လိုအပ်သည့်ပစ္စည်းများ ♦ ရေနံဂျယ်လီ  ♦ ရေနွေး(ပွက်ပွက်ဆူ) ♦ ပျားရည် ♦ သံလွင်ဆီ ♦ ထောပတ်ဆီ ♦ ဂလစ်ဆရင်း ♦ ရှားစောင်းလက်ပပ် ♦ နှင်းဆီပွင့်ဖတ်ရည် ♦ အရက်ပြန်   ပြုလုပ်နည်း ♦ ပန်းကန်လုံးတစ်လုံးထဲမှာ ရေနံဂျယ်လီ ထမင်းစားဇွန်းကြီးတစ်ဇွန်းစာကို ထည့်ပါ။  ♦ ရေနွေးပွက်ပွက်ဆူကို ခွက်ကြီးတစ်လုံးထဲ ထည့်ပြီး ခုနက ပန်းကန်လုံးကို အပေါ်ကနေ တင်ကာ ရေနံဂျယ်လီတွေကို ပျော်အောင် ဖျော်ပါ။ ♦ ရေနံဂျယ်လီတွေ အရည်ပျော်သွားရင် ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲစာ၊ ထောပတ်ဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန...

Yogurt Anti-Aging Coffee Facial Mask

Image
အသက် ၅၀ အရွယ်တွေမို့ အရေးကြောင်းတွေများလာပြီဆိုတော့ အရင်လို မလန်းနိုင်တော့မှာ မပူပါနဲ့လေ။ မမကြီးတို့ရဲ့ အရေးကြောင်းတွေ လျော့ပါးပြီး အသက် ၃၀ အရွယ်လောက် ထင်ရနိုင်စေမယ့် Mask ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါရစေ။ လိုအပ်သည့်ပစ္စည်းများ ♦ ဆန်မှုန့် (ထမင်းစားဇွန်းကြီး သုံးဇွန်းစာကို မှုန့်ညက်နေအောင် ကြိတ်ထားပါ) ♦ ကော်ဖီမှုန့် (ကော်ဖီမှုန့် ထမင်းစားဇွန်းကြီး သုံးဇွန်းစာကို မှုန့်ညက်နေအောင် ကြိတ်ထားပါ) ♦ ဒိန်ချဉ် ထမင်းစားဇွန်း နှစ်ဇွန်း ♦ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ♦ ရေနွေး ထမင်းစားဇွန်း နှစ်ဇွန်း ပြုလုပ်နည်း ♦ ဆန်မှုန့် ထမင်းစားဇွန်း နှစ်ဇွန်းစာကို ပန်းကန်လုံးတစ်လုံးထည့်ပါ။ ♦ အဲဒီထဲကို ကော်ဖီမှုန့် ထမင်းစားဇွန်း တစ်ဇွန်းစာ ထည့်ကာ သမအောင် မွှေပါ။ ♦ ရေကို ပွက်ပွက်ဆူအောင် တည်ထားပြီး အဲဒီရေပူပူ ထမင်းစားဇွန်း နှစ်ဇွန်းစာကို ခုနက ကော်ဖီနဲ့ ဆန်မှုန့်ထဲ ရောထည့်ကာ သမအောင် မွှေပေးပါ။ ♦ သမသွားပြီဆိုရင် အဲဒီထဲကို ဒိန်ချဉ် ထမင်းစားဇွန်း နှစ်ဇွန်းစာ ပေါင်းထည့်ကာ မွှေပါ။ ♦ ပြီးရင် ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ထည့်ကာ အားလုံးသမအောင် ရောစပ်ပါ။ ♦ အဲဒီနောက် ဘူးအလွတ်တစ်ခုထဲကို ထည့်ကာ အသင့်အသုံ...