Face Wash ပြုလုပ်နည်း
ယုံမလားတော့ မသိဘူး။ သကြားရဲ့ အရေပြားအပေါ် အကျိုးသက်ရောက်မှုတွေက အံ့မခန်းပါပဲ။ သူက သဘာ၀အတိုင်း ကြေးချွတ်ပေးနိုင်တဲ့အပြင် အစိုဓာတ်လည်း ထိန်းပေးနိုင်သေးတယ်။ သံလွင်ဆီကတော့ သဘာ၀ကပေးတဲ့ အစိုဓာတ်ထိန်းပစ္စည်းပေါ့။
လိုအပ်သည့်ပစ္စည်းများ
♦ သကြား ထမင်းစားဇွန်း နှစ်ဇွန်းစာ
♦ သံလွင်ဆီ ထမင်းစားဇွန်း တစ်ဇွန်းစာ
ပြုလုပ်နည်း
♦ သကြားနဲ့ သံလွင်ဆီတွေကို သေချာရောသမမွှေပါ။
အသုံးပြုနည်း
♦ ပြီးရင် မျက်နှာအနှံ့လိမ်းကာ ညင်သာစွာ ပွတ်တိုက်ပါ။
♦ အဲဒီနောက် မျက်နှာကို ရေနွေးငွေ့၀တ်ဖတ်နဲ့ ညင်သာစွာ သုတ်ကာ အနှစ်တွေကို ဖယ်ရှားလိုက်ပါ။
☆ဆူးမြာ☆
Comments
Post a Comment