Peppermint Foot Scrub ပြုလုပ်နည်း
ဆောင်းတွင်းမှာ အဖြစ်များတဲ့အလှအပပြဿနာ
ကတော့ ခြေဖဝါးတွေ ကျိန်းစပ်တာ၊ ခြေဖနောင့်အ
က်ကွဲတာ၊ ခြေဖဝါးအရေပြားလန်တာတွေပဲဖြစ်ပါတယ်။
ဒီလိုပြဿနာမျိုးတွေအတွက် ဒီ Peppermint Foot
Scrub ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါရစေ။
● Peppermint Essential Oil က ခြေဖနောင့်အက်ကွဲနေတဲ့ ပိုးမ၀င်ရောက်အောင် ကာကွယ်ပေးနိုင်တဲ့ သဘာ၀ Antibacterial ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် သူ့ကို အသုံးပြုတာကြောင့် ခြေဖဝါးကို ပူရှိမ်းရှိမ်းနဲ့ အေးမြနေစေပြီး Relax ရရှိစေပါတယ်။
●ဗာဒံစေ့ဆီမှာတော့ ဗီတာမင် အီး ကြွယ်၀စွာ ပါ၀င်တဲ့အတွက် ခြောက်သွေ့အသားအရေကို အစိုဓာတ်ထိန်းပေးနိုင်ကာ အာဟာရဓာတ်ပြည့်ဝစေပါတယ်တဲ့။
လိုအပ်သည့်ပစ္စည်းများ
♦ သကြား - ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာ
♦ ဗာဒံစေ့ဆီ - ထမင်းစားဇွန်းကြီးတစ်ဇွန်းစာ
♦ Peppermint Essential Oil - လေးငါးစက်ခန့်
♦ Food Coloring - လေးငါးစက်ခန့် (မိမိနှစ်သ
က်ရာအရောင်)
ပြုလုပ်နည်း
♦ ပန်းကန်လုံးတစ်လုံးထဲကို သကြား ခွက်တစ်ခွက်ရဲ့လေးပုံတစ်ပုံစာထည့်ပါ။
♦ ပြီးရင် ဗာဒံစေ့ဆီ ထမင်းစားဇွန် တစ်ဇွန်းစာထည့်မွှေပါ။
♦ အဲဒီထဲကို Peppermint Essential Oil လေးငါးစက်ခန့်ထည့်ကာ မွှေပါ
♦ အားလုံးသမအောင် မွှေအပြီးမှာ အစားအစာ အရောင်ဆိုးဆေး လေးငါးစက်ခန့် ထည့်နိုင်ပါတယ်။
♦ ပြီးရင် အားလုံးကို သမအောင် ထပ်မံမွှပေးလိုက်ပါ။
♦ သမသွားပြီဆိုရင်တော့ ဖန်ပုလင်းထဲ ထည့်ကာ သိမ်းဆည်းပါ
☆ဆူးမြာ☆
Ref : fabhow.com
Comments
Post a Comment