Flaxseed Hair Gel ပြုလုပ်နည်း

Flaxseed မှာ ဆံသားနဲ့ ဦးရေပြားကို အားဖြည့်တင်း ပေးနိုင်တဲ့ သဘာ၀အာဟာရဓာတ်တွေ ပါ၀င်တာကြောင့် ဆံပင်သန်စေနိုင်စွမ်းရှိပါတယ်။ ပျက်စီးနေတဲ့ ဆံသားတွေကိုလည်း ပြန်လည်ပြုပြင်ပေးနိုင်တာကြောင့် ဒီလိုကောင်းမွန်တဲ့ ပါ၀င်ပစ္စည်းနဲ့ ဆံပင်ကောက်ထားတဲ့ ပျိုမေတို့အတွက် ကောက်သားလေးတွေ ပုံဖော်နိုင်မယ့် Hair Gel ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါရစေ။ လိုအပ်သည့်ပစ္စည်းများ ♦ Flaxseeds ♦ ရှားစောင်းလက်ပပ်ဂျဲလ် ဒါမှမဟုတ် Shea Butter ♦ Lavender Oil ဒါမှမဟုတ် Tea Tree Oil ♦ သံလွင်ဆီ ပြုလုပ်နည်း ♦ ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာ Flaxseed ကို ပန်းကန်လုံးတစ်လုံးထဲမှာ ရေမြုပ်အောင် ထည့်ပြီး တစ်ညစိမ်ပါ။ ♦ နောက်တစ်နေ့မှာ ဒယ်အိုးတစ်လုံးထဲကို ရေစိမ်ထားတဲ့ Flaxseed တွေကို (စိမ်ထားတဲ့ရေအပါအ၀င်)ထည့်ကာ ဒယ်အိုးရဲ့ လေးပုံတစ်ပုံစာအနေအထားအထိ ထည့်ကျိုပေးပါ။ ♦ ၇-၁၀ မိနစ်ခန့်ကြာချိန်မှာ အိုးကို မွှေပေးပါ။ ပြီးရင် မီးအရှိန်ကို လျှော့ချပြီး အရည်တွေ ခပ်ပျစ်ပျစ်အနေအထားရောက်တဲ့အထိ မီးအေးအေးနဲ့ ဆက်တင်ထားပါ။ ♦ ပြီးရင် မီးဖိုပေါ်က ချပြီး အအေးခံပါ။ ♦ ဆန်ခါကို အသုံးပြုကာ အရည်အနှစ်တွေကို စစ်ယူပါ။ Flaxseed တွေကို ဇွ...