Posts

Peppermint Oil

Image
ရနံ့ကုထုံးအတွက် အလွန်အသုံး၀င်တဲ့ Essential Oil ပေါ့။ စိတ်အပန်းဖြေလိုတဲ့အခါ၊ စိတ်ဖိစီးမှုတွေ များလွန်းလို့ ခေါင်းကိုက်နေတဲ့အခါမျိုးတွေမှာ အရမ်းအသုံး၀င်ပါသတဲ့လေ။  လိုအပ်သည့်ပစ္စည်းများ ♦ လတ်လတ်ဆတ်ဆတ် ပူဒီနာရွက်များ ♦ သံလွင်ဆီ ပြုလုပ်နည်း ♦ ပူဒီနာရွက်တွေကို အခက်တွေဖယ်ပြီး အရွက်ချည်းသီးသန့်ယူကာ ရေအေးအေးနဲ့ သေချာစင်အောင်ဆေးပါ။ ♦ စဉ်းတီတုံးသန့်သန့်ပေါ်မှာ ခုနက ရေဆေးထားတဲ့ ပူဒီနာရွက်တွေကို ရေခါပြီး ရေခြောက်အောင် ထားလိုက်ပါ။ ♦ ရေလုံး၀မရှိတော့ဘူးဆိုရင် ငရုတ်ဆုံထဲမှာ ပူဒီနာရွက်တွေကိုထည့်ပြီး ဖွဖွ ဖိခြေပါ။ (လုံး၀ညက်အောင် ထောင်းပစ်ရမှာ မဟုတ်ပါဘူး။ အရွက်စိမ်းတွေထဲ အဆီစိမ့်၀င်နိုင်ဖို့အတွက်သာဖြစ်ပါတယ်) ♦ အလုံပိတ်ဖန်ပုလင်းငယ်ထဲကို ခုနက ဖိခြေထားတဲ့ ပူဒီနာရွက်တွေကိုထည့်ပါ။ ♦ ပြီးရင် အရွက်မြုပ်တဲ့အထိ သံလွင်ဆီထည့်ကာ အနည်းငယ်လှုပ်ခါပေးပါ။ ♦ အဲဒီပုလင်းကို မှောင်မည်း နွေးထွေးတဲ့နေရာမှာ ၂၄-၄၈ နာရီအထိ သိမ်းဆည်းပါ။ ♦ ၄၈ နာရီပြည့်ရင် အဲဒီပုလင်းထဲက အဆီတွေကို ပိတ်ပါးစအသုံးပြုကာ တခြားပုလင်းထဲ စစ်ယူပါ။ ♦ အခုဆိုရင် အသင့်အသုံးပြုနိုင်တဲ့ Peppermint Oil ကို ရရှိပါပြီ။  ♦ သေချာ လုံအောင်...

ကြက်ဥအကာ Eye Mask ပြုလုပ်နည်း

Image
မျက်၀န်းတစ်ဝိုက်က အရေးကြောင်းတွေအတွက် မပူပါနဲ့။ အခုဖော်ပြပေးမယ့် ကြက်ဥအကာ eye mask က ကူညီနိုင်ပါလိမ့်မယ်။ သူ့မှာ ဗီတာမင် အေနဲ့ ပရိုတင်းများစွာ ပါ၀င်တာကြောင့်ပါ။ လိုအပ်သည့်ပစ္စည်းများ ♦ ကြက်ဥအကာ ပြုလုပ်နည်း ♦ ကြက်ဥနှစ်လုံးကို ဖောက်ကာ အကာတွေချည်း ထုတ်ယူပါ။ ♦ ရလာတဲ့ ကြက်ဥအကာကို သနပ်ခါး​ကျောက်ပြင်မှာ​သွေးပါ။ ထို့​နောက် မျက်၀န်းတစ်ဝိုက်​လိမ်းကာ ခြောက်အောင် ၁၅ မိနစ်ခန့် ထားပါ။ ♦ ပြီးနောက် ရေးအေးအေးနဲ့ မျက်နှာသစ်လိုက်ပါ။  ☆ဆူးမြာ☆

Face Wash ပြုလုပ်နည်း

Image
ယုံမလားတော့ မသိဘူး။ သကြားရဲ့ အရေပြားအပေါ် အကျိုးသက်ရောက်မှုတွေက အံ့မခန်းပါပဲ။ သူက သဘာ၀အတိုင်း ကြေးချွတ်ပေးနိုင်တဲ့အပြင် အစိုဓာတ်လည်း ထိန်းပေးနိုင်သေးတယ်။ သံလွင်ဆီကတော့ သဘာ၀ကပေးတဲ့ အစိုဓာတ်ထိန်းပစ္စည်းပေါ့။  လိုအပ်သည့်ပစ္စည်းများ ♦ သကြား ထမင်းစားဇွန်း နှစ်ဇွန်းစာ ♦ သံလွင်ဆီ ထမင်းစားဇွန်း တစ်ဇွန်းစာ ပြုလုပ်နည်း ♦ သကြားနဲ့ သံလွင်ဆီတွေကို သေချာရောသမမွှေပါ။ အသုံးပြုနည်း ♦ ပြီးရင် မျက်နှာအနှံ့လိမ်းကာ ညင်သာစွာ ပွတ်တိုက်ပါ။ ♦ အဲဒီနောက် မျက်နှာကို ရေနွေးငွေ့၀တ်ဖတ်နဲ့ ညင်သာစွာ သုတ်ကာ အနှစ်တွေကို ဖယ်ရှားလိုက်ပါ။ ☆ဆူးမြာ☆

ပူရှိမ်းအုန်းဆီ Foot Scrub ပြုလုပ်နည်း

Image
ဆားခါးနဲ့ သကြားအရောအစပ်က ခြောက်သွေ့ကြမ်းတမ်းနေတဲ့ ခြေဖနောင့်နဲ့ ခြေဖဝါးတွေမှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အုန်းဆီကတော့ အစိုဓာတ်ထိန်းပေးနိုင်ပြီး ပူရှိမ်းဆီနဲ့ tea tree oil ကတော့ အရေပြားကို သန့်စင်စေကာ အစိုဓာတ်ထိန်းပေးနိုင်ပါတယ်။  လိုအပ်သည့်ပစ္စည်းများ ♦ သကြား ခွက်တစ်ခွက်ရဲ့ သုံးပုံတစ်ပုံစာ ♦ ဆားခါး ခွက်တစ်ခွက်ရဲ့ သုံးပုံနှစ်ပုံစာ ♦ အုန်းဆီ ထမင်းစားဇွန်း တစ်ဇွန်းနဲ့တစ်၀က်စာ ♦ ပူရှိမ်းဆီ ၅-၆ စက်ခန့် ♦ လက်ဖက်စိမ်းစီ လေးစက်ခန့် ပြုလုပ်နည်း ♦ ပါ၀င်ပစ္စည်းအားလုံးကို သမအောင် ရောစပ်ပါ။ အသုံးပြုနည်း ♦ ရလာတဲ့အရောအစပ်နဲ့ သင့်ခြေဖဝါး၊ ခြေဖနောင့်တွေကို လိမ်းကာ နှိပ်နယ်ပါ။ ♦ ခြောက်သွေ့အောင် ထားပြီးနောက် ရေအေးအေးနဲ့ ဆေးကြောပါ။ ☆ဆူးမြာ☆

Cinnamon Foot Scrub

Image
​နွေရာသီမှာ ခြေဆီထွက်တတ်တဲ့သူတွေအတွက်တော့ တကယ့်ကို ယုံကြည်မှုကင်းမဲ့စေတာပေါ့။ ခြေထောက်ကထွက်လာတဲ့ဆိုးရွားတဲ့အနံ့အသက်ကြီးနဲ့ အလုပ်ရုံးခန်းထဲ ၀င်ရင်တောင် ခြေထောက်အရင်ပြေးဆေးရတဲ့အဖြစ်မျိုးတွေ ကြုံနေကြသူတို့အတွက် ဒီနည်းလမ်းလေးကို ဝေမျှပေးပါရစေ။ လိုအပ်သည့်ပစ္စည်းများ ♦ အုန်းဆီ - ထမင်းစားဇွန်း နှစ်ဇွန်းစာ ♦ သကြား - ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာ ♦ သစ်ကြံပိုးခေါက်မှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံစာ ♦ အစားအစာအရောင်ဆိုးဆေးမှုန့် (မသုံးချင်လည်း ရပါတယ်) - ၃-၄ စက် ပြုလုပ်နည်း ♦ ပန်းကန်လုံးတစ်ခုထဲမှာ သကြား ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာကို ထည့်ပါ။ ♦ အဲဒီထဲကို သစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံစာ ထည့်ပါ။ ♦ အဲဒီနှစ်ခုကို သမအောင် မွှေပါ။ ♦ ပြီးရင် အုန်းဆီ ထမင်းစားဇွန်း နှစ်ဇွန်းစာ ပေါင်းထည့်မွှေပါ။ ♦ အားလုံးသမအောင်သွားအောင် ထပ်မွှေပါ။ ♦ အဲဒီထဲကို အရောင်ဆိုးဆေးအစက်အနည်းငယ်ထည့် (သင်အသုံးပြုလိုရင်)ပါ။ ♦ အားလုံးသမအောင် မွှေပြီးပြီဆိုရင် လေလုံအောင် ပိတ်နိုင်တဲ့ ဖန်ပုလင်းထဲ  ထည့်ကာ သိမ်းဆည်းပါ။ ♦ အခုဆိုရင် အသင့် အသုံးပြုနိုင်တဲ့ foot scrub ကို ရရှိပါပြီ။ ...

Fly Paper ပြုလုပ်နည်း

Image
မိုးရာသီက ခြင်အန္တရာယ်အပြင် ယင်ကောင်တွေကလည်း ကြီးစိုးနေတဲ့ ရာသီပါ။ ယင်နားစာတွေကြောင့် ကျန်းမာရေးပြဿနာတွေအများကြီးဖြစ်နိုင်တယ်ဆိုတာ အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။ ဒီတော့ ဒီယင်ကောင်တွေကို ကိုယ်တိုင်လုပ် စက္ကူလေးတွေနဲ့ ဖမ်းလိုက်ရအောင်လား...။ လိုအပ်သည့်ပစ္စည်းများ ♦ သကြား ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာ ♦ ပျားရည် ဒါမှမဟုတ် ပြောင်းမှုန့် ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာ ♦ ရေ ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာ ♦ အညိုရောင်စက္ကူအထူ ♦ ကတ်ကြေး ♦ လင်ဗန်း ♦ ဒယ်အိုး ♦ ညှပ် ♦ ဇွန်း ♦ သံဆန်ခါ ပြုလုပ်နည်း ♦ အညိုရောင်စက္ကူအထူကို ပုံမှာပြထားတဲ့အတိုင်း အရှည်လိုက်ညှပ်ပါ။ ♦ ဒယ်အိုးထဲကို ရေ ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာ၊ ပျားရည် ဒါမှမဟုတ် ပြောင်းမှုန့် ခွက်တစ်ခွက်ရဲ့ လေးပုံ တစ်ပုံစာနဲ့ သကြား ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာ ထည့်ပြီး အပူပေးပါ။ ♦ အိုးကပ်မသွားအောင် ဇွန်းနဲ့ မွှေနေပါ။ ♦ အားလုံးအရည်ပျော်ပြီး အနည်းငယ်ပျစ်သွားပြီဆိုရင် မီးဖိုပေါ်က ချပါ။ ♦ အဲဒီအရည်ထဲကို ခုနက ညှပ်ထားတဲ့စက္ကူတစ်ခုချင်းစီ ထည့်နှစ်ကာ အရည်စိမ့်၀င်အောင် ထားပါ။ ♦ လင်ဗန်းတစ်ခုပေါ် သံဆန်ခါတင်ထားပါ။  ♦ စက္ကူအနှံ့အရည်တွေစိမ့်သွား...

သဘာ၀မဟော်ဂနီရောင်ဆိုးဆေးပြုလုပ်နည်း

Image
OK!! ယာယီဆံပင်ဟိုက်လိုက်လေး ဖောက်လိုက်ရအောင်လား။ ဟိုက်လိုက်မဟော်ဂနီရောင်လေးနဲ့ လန်းချင်တဲ့ မမတို့အတွက် ဒီမှာ သဘာ၀အတိုင်း ဓာတုပစ္စည်းလုံး၀လုံး၀မပါ၀င်တဲ့ ဆိုးဆေးပြုလုပ်နည်းလေးကို ပြောပြပေးပါရစေ။ ယာယီဆိုပေမယ့်လည်း ပြုလုပ်ရတာ အရမ်းလွယ်ကူတာမို့ အချိန်လေးနည်းနည်းပေးရုံနဲ့ လိုချင်တဲ့အချိန်တိုင်း လန်းနိုင်မှာပါလို့ ... လိုအပ်သည့်ပစ္စည်းများ ♦ Beet Root တစ်လုံး ♦ သံလွင်ဆီ ပြုလုပ်နည်း ♦ Beet Root ကို သံဆန်ခါနဲ့ခြစ်ပြီး အရည်ညှစ်ယူပါ။ ♦ အဲဒီထဲကို သံလွင်ဆီအနည်းငယ်ထည့်ပါ။ ♦ သေချာသမအောင် မွှေပြီးရင် စပရေးဘူးထဲထည့်လိုက်ပါ။ အသုံးပြုနည်း ♦ လက်အိတ်စွပ်ပါ။ ♦ ပုံမှာပြထားတဲ့အတိုင်း မိမိလိုချင်တဲ့နေရာတွေကို မဟော်ဂနီရောင်စပရေးနဲ့ဖျန်းကာ လက်နဲ့ ဆွဲချပါ။ (အလှပြင်ဆိုင်မှာ ပြုလုပ်သလိုမျိုး) ♦ နေရာအနှံ့ဆိုးပြီးပြီဆိုရင် shower cup နဲ့ အုပ်ပြီး တစ်နာရီခန့် ထားပါ။ ♦ ပြီးရင် ရေနဲ့ လျှော်လိုက်ပါ။ ♦ ကဲ အခုဆိုရင် ဒီလို မဟော်ဂနီရောင် ဆံပင်လေးနဲ့ လန်းနိုင်ပြီပေါ့။ ☆ဆူးမြာ☆ Ref : 5-minutecraftsgirly.com