မမကြီးတို့အတွက် Hand Moisturizer ပြုလုပ်နည်း

အသက်ကြီးလာတယ်ဆိုတာကို လက်အရေပြားတွေက သက်သေပြနိုင်ပါတယ်။ မျက်နှာလေးကို ဘယ်လောက်နုပျိုနေအောင် ပြင်ဆင်ထားပါစေ၊ လက်အရေပြားက ရင့်ရော်နေရင်တော့ ငယ်ရွယ်ပုံမပေါက်တော့ပါဘူး။ ဒီတော့ လက်ပေါ်က အရေးကြောင်းတွေ၊ အသားပပ်သလိုမျိုး အဖတ်တွေ ဖြစ်နေတာကို ဖြေရှင်းနိုင်ဖို့ Hand Moisturizer ပြုလုပ်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။ သူ့ပါ၀င်ပစ္စည်းတွေထဲမှာ အယ်လ်ဟိုဟောလည်း အနည်းငယ်ပါ၀င်တာမို့ လက်သည်းပိုး၀င်ရောက်တာတွေ၊ ဗိုင်းရပ်စ်ပိုးတွေကို ကာကွယ်တားဆီးပေးနိုင်ပါသေးတယ်။ လိုအပ်သည့်ပစ္စည်းများ ♦ ရေနံဂျယ်လီ ♦ ရေနွေး(ပွက်ပွက်ဆူ) ♦ ပျားရည် ♦ သံလွင်ဆီ ♦ ထောပတ်ဆီ ♦ ဂလစ်ဆရင်း ♦ ရှားစောင်းလက်ပပ် ♦ နှင်းဆီပွင့်ဖတ်ရည် ♦ အရက်ပြန် ပြုလုပ်နည်း ♦ ပန်းကန်လုံးတစ်လုံးထဲမှာ ရေနံဂျယ်လီ ထမင်းစားဇွန်းကြီးတစ်ဇွန်းစာကို ထည့်ပါ။ ♦ ရေနွေးပွက်ပွက်ဆူကို ခွက်ကြီးတစ်လုံးထဲ ထည့်ပြီး ခုနက ပန်းကန်လုံးကို အပေါ်ကနေ တင်ကာ ရေနံဂျယ်လီတွေကို ပျော်အောင် ဖျော်ပါ။ ♦ ရေနံဂျယ်လီတွေ အရည်ပျော်သွားရင် ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲစာ၊ ထောပတ်ဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန...